Sub4Sub network gives free YouTube subscribers
Get Free YouTube Subscribers, Views and Likes

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Follow
Khit Thit Media

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့က ရိုဟင်ဂျာ အယောက်၇၀၀၀ လောက်ဟာ ရခိုင့်တပ်တော် AA ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက် ခိုလှုံလာတယ်လို့ ရခိုင့်တပ်တော် AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ကနေ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် ရက်ချိန်းယူဖို့တောင် ပွဲစားနဲ့ ငွေကြေးပေးနေရတဲ့အပြင် ၊ စင်ကာပူမှာ သူနာပြု အလုပ် လုပ်ကိုင်သူမှန်သမျှ ကိုလည်း စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ မြန်မာနိုင်ငံ ပြန်ခိုင်းနေတယ်လို့ စင်ကာပူရောက် မြန်မာတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ကြူကြူလှရဲ့ ဇာတိကျေးရွာ ဇီးကျွန်းကို စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

posted by foekAccowsZewn7